အနောက်စလင်းကြိုးဝိုင်း၊ အကွက်အမှတ် ၂၇အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၄-၂၀၂၀ ရက်နေ့ မင်းဘူးခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်မှုဖြင့် သစ်တောဝန်ထမ်း ၄ ဦး၊ သစ်တောရဲ ၃ဦး၊ ရပ်မိရပ်ဖ ၂ဦး ပါဝင်သော ပူးပေါင်းအဖွဲ့သည် အနောက်စလင်းကြိုးဝိုင်း၊ အကွက်အမှတ် ၂၇ ဒေသ အခေါ် ရှောက်ချောင်းချောင် အနီးတွင် တရားမဝင် အခြားခွဲသား (၃၁၉) ချောင်းနှင့် သုံးပေအောက် အခြားသစ်လုံး (၄၀) လုံး စုစုပေါင်း (၄.၂၆၈၆)တန်နှင့်အတူ တရုတ်အင်ဂျင် 25 hp (၂) လုံးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။

date: 
Thursday, April 23, 2020 - 14:15