စဥ့်ကူးမြို့နယ်တွင် စက်လှေ(သံခွံ)(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၂-၄-၂၀၂၀)ရက်နေ့ (၁၃:၃၀) နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လွှစာမှုန့်အိပ်နှင့် ပြောင်းဖူးစေ့အိပ်တို့ဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ရွှေရည်ဝင်း (သံခွံ)စက်တပ်ရေယာဥ်အား စဥ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနရုံးဆိပ်ကမ်းတွင် စစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား (၅၃၄)ချောင်း (၀.၉၀၃၆)တန်နှင့် အင်ခွဲသား ( ၅၂)ချောင်း (၂.၇၆၂၂)တန် စုစုပေါင်း ကျွန်း/အင်ခွဲသား (၅၈၆)ချောင်း (၃.၆၆၅၈)တန် တို့အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည် စက်လှေပိုင်ရှင်နှင့် တရားမဝင်သစ်ပိုင်ရှင် ဖြစ်သည့် တရားခံအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး၊ ဖမ်းဆီးပစ္စည်းများအား မြို့မပျိုးဥယျာဥ်တွင် သယ်ယူသိမ်းဆည်းထားပြီးဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 09:45