အင်းတော်မြို့နယ်၊ မအူကုန်းရွာအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ မအူကုန်းကျေးရွာအရှေ့တောင်ဘက် ဆင်အိုင်ချောင်းအနီး၊ ဂဟဲကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/လုံးပတ်၃ပေအောက်သစ် (၂၆၅)လုံး/ချောင်း (၁၂.၉၀၂၈)တန်၊ သစ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 11:15