မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်မှ ဦးစီးအရာရှိ ဦးကျော်ကျော်ဦး နှင့်ဝန်ထမ်းများအဖွဲ့သည် မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအကွက် (၁၈၊ ၁၄၁)တို့အတွင်းမှ တရားမဝင် ပျဉ်းကတိုး/ကညင် သစ်လုံး/ခွဲသား (၂၆)လုံး/ချောင်း (၁၂.၄၆၀၂)တန် ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:15