ဘောလခဲမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၄-၂၀၂၀ ရက်နေ့တွင် ကယာပြည်နယ်၊ ဘောလခဲ့မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖမှ ဗိုလ်ကြီးမျိုးသန့်ဇင် ဦးဆောင်သောတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ကြန်ပိတ်ရက်ကာလအတွင်း စစ်ကြောင်းစီမံချက် အရ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မြောက်ဘက်နေရာမှ တရားမဝင် ကျွန်း/ပိတောက်/လုံးပတ်၃ပေအောက် (ကျွန်း)သစ်/ခွဲသား (၃၀)လုံး/ချောင်း (၃.၁၂၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, April 24, 2020 - 13:30