လှည်းကူးမြို့နယ်၊ မဟူရာကြိုးဝိုင်းအတွင်းတရားမဝင်သစ်များဖမ်းဆီးရမိ

(၁၇-၄-၂၀၂၀)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်အတွင်း စီးပွားရေးကျွန်းစိုက်ခင်းဟောင်းများ လှည့်လည်စစ်ဆေးခြင်း၊တရားမဝင်သစ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ မဟူရာကြိုးဝိုင်းအကွက် အမှတ်(၆၀)အတွင်း တရားမဝင်အခြားခွဲသား (ထောက်ကြံ့၊မြောက်ချော)(၈၁)ချောင်း (၄.၅၂၅၆)တန်၊ ပျဉ်းကတိုးခွဲသား (၁၀၀)ချောင်း (၃.၆၆၉၆) တန်စုစုပေါင်း ပျဉ်းကတိုးခွဲသားနှင့်အခြားခွဲသား(၁၈၁)ချောင်း (၈.၁၉၅၂)တန်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 13:30