ရေးမြို့နယ်၊ ချောချောင်းတောင်ကလော့ကျေးရွာလမ်းဘေးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၈-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရေးမြို့နယ်၊ ချောင်းတောင်ကလော့ကျေးရွာလမ်းဘေးတွင် တရားမဝင်သစ်တိုခွဲသား (၂၅)ချောင်း (၀.၉၉၇၂)တန်၊ မရမ်းခွဲသား (၁၄) ချောင်း (၀.၁၁၀၂) တန်၊ သစ်တိုသစ်လုံး (၂) လုံး (၀.၉၆၀၀) တန်၊ စုစုပေါင်း (၂.၀၆၇၄) တန်၊ လက်ကိုင်စက်လွှ (၃)လက် တို့အား တရားခံ (၄) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ တရားခံများအား သစ်တောဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 13:30