လယ်ဝေးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည်၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းဖွဲ့သည် လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအကွက်အမှတ်(၁၀၂)အတွင်း မော်တော်ယာဉ် အမှတ် (MGY-2B/8609) FUSO အဖြူရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား (၇၁)ချောင်း (၅.၆၀၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, April 24, 2020 - 14:00