သပိတ်ကျင်းမြို့နယ်အတွင်းတရားမဝင်သစ်များဖမ်းဆီးရမိ

၁၉-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တကောင်း(၁)ဘိနယ်၊ တကောင်း-မြတောင်သွားကားလမ်းအရှေ့ဘက်ကျွဲကူးကန်အနီးမှ တရားမဝင် အင်သစ် (၁၂)လုံး (၆.၂၉၄၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 14:00