ပဲခူးမြို့နယ်၊ ရပ်ကွက်ကြီး(၄)တွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရပ်ကွက်ကြီး(၄)၊ ရာဇာဓိရာဇ်လမ်းမဘေးနေရာ၌ မော်တော်ယာဉ်အမှတ် (MON 1M/4086) FORLAND (၆)ဘီး (ခေါင်းပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး(၂၄)ချောင်း (၃.၀၅၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရဲစခန်းတွင်အမှုဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 14:15