ထီးချိုင့်မြို့နယ်၊ ကလုံကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

(၂၂-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ကလုံကြိုးဝိုင်းအကွက်အမှတ် (၃၅)အတွင်း တရားမဝင်သစ်စက်အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း(၄)မျိုး၊ တရားမဝင်ကျွန်းသစ်/ လုံးပတ်(၃)ပေအောက်ကျွန်းသစ်(၁၅)လုံး(၂.၄၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားမဝင် သစ်စက် အင်ဂျင်၊ဆက်စပ်ပစ္စည်းများအားဦးစီးအရာရှိရုံးသို့သယ်ယူသိမ်းဆည်းပြီး၊တရားမဝင်သစ်များအား (သ လ င) သစ်ဆိပ်(ဘိုတဲကုန်း)သို့သယ်ယူသိမ်းဆည်းပြီးဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 14:15