ဟုမ္မလင်းမြို့နယ်၊ ငေါက်စားကျေးရွာ အနီး ဥတုချောင်းဘေးတွင် စက်လှေ(၅)စီးနှင့် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

(၂၂-၄-၂၀၂၀) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရေယာဥ်ငယ်အသင်းမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ငေါက်စားကျေးရွာ အနီး ဥတုချောင်းဘေး နေရာတွင် တရားမဝင်ကျွန်းခွဲသား (၁၆၆)ချောင်း (၃.၅၁၉၆)တန် တင်ဆောင် လာသောစက်လှေ(၁)စီး၊ တရားမဝင်ကျွန်းခွဲသား(၁၂၈)ချောင်း (၂.၃၂၇၆)တန် တင်ဆောင် လာသောစက်လှေ(၁)စီး၊ တရားမဝင် ကျွန်းခွဲသား(၃၃၃)ချောင်း (၄.၄၀၉၄)တန် တင်ဆောင်လာသော စက်လှေ(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသား (၁၄၂)ချောင်း(၃.၃၆၉၀)တန် တင်ဆောင်လာသော စက်လှေ (၁)စီးတရားမဝင် ကျွန်းခွဲသား(၃၉၂)ချောင်း (၃.၃၅၆၀)တန် တင်ဆောင် လာသောစက်လှေ (၁)စီး စုစုပေါင်း စက်လှေ(၅)စီးနှင့် တရားမဝင်ကျွန်းခွဲသား(၁၁၆၁)ချောင်း(၁၆.၉၈၁၆)တန်အား တရားခံ(စက်လှေပိုင်ရှင်) (၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအား လုံခြုံရာသို့ သယ်ယူသိမ်းဆည်း၍ တရားခံများ သက်ဆိုင်ရာရဲစခန်းတွင်ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးအမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 14:15