ကျောက်တံခါးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၃-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်:ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဘိုင်းဒါးဘိနယ်၊ ဘိုင်းဒါးကြိုးဝိုင်းအကွက်အမှတ်(၈၆) (၁၂)မိုင်ကျေးရွာတောင်ဘက်(၂)မိုင်ခန့်အကွာမှ တရားမဝင်သစ် ပျဉ်းကတိုးခွဲသား (၇၀)ချောင်း (၄.၅၅၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ် ၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, April 27, 2020 - 10:30