အင်္ဂပူမြို့နယ်၊ ကညင်စုကျေးရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၂၅-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကညင်စုကျေးရွာအနီး၊သဲဖြူချောင်းအတွင်းမှ တရားမဝင်တရုတ်နီ(Lotus) (၁၈)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက် ဆက်စပ် ပစ္စည်းများနှင့် တရားမဝင်ကျွန်း/မျောက်ချော/နဘဲ/ပျဉ်းကတိုး/ ကုတ်ဟဲသစ်/ခွဲသား (၂၁၄)လုံး/ ချောင်း (၄.၀၄၀၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။

date: 
Wednesday, April 29, 2020 - 13:30