ဒိုက်ဦးမြို့နယ်အတွင်းတရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနှစ် CMRS ဖြင့် ၂၇-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၏ချပြသတင်းအရ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဆောင်သောသစ်တောဝန်ထမ်းများသည် ဒိုက်ဦးမြို့နယ် အောင်စိုးမိုးကျေးရွာအနောက်ဘက် လယ်ကွင်းစပ် နေရာများမှ တရားမဝင်ကျွန်း/ပျဥ်းကတိုးခွဲသား (၅၀)ချောင်း စုစုပေါင်း (၄.၇၉၄၀)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသစ်များအား ဦးစီးအရာရှိရုံးဝန်းသို့သယ်ယူသိမ်းဆည်းပြီးဆက်စပ်တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဥ်ဆောင်ရွက်လျှက်ရှိပါသည်။

date: 
Wednesday, April 29, 2020 - 13:30