ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာအနီး၊ အောင်ချမ်းသာဘုရားဝင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၂၇-၄-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချူပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးထွန်းသန်းဦး ဦးဆောင်သောအဖွဲ့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး၊ အောင်ချမ်းသာဘုရားဝင်းအတွင်းမှ သင်းဝင်/ဘင်္ဂ/ရုံး/ သံသေ/ သံသတ်/ဆိတ်ချေး/ဒီဒူး/ ပိုးမဲဇာ/ကြက်ရိုး/လယ်ဇ/နဘဲ/သစ်ပုတ်/ဇောင်းပလွေ/ သစ်ဖြူ /သစ်ပုဂံ/ ကသစ် သစ်များနှင့် လုံးပတ်(၃)ပေ အောက် စန္ဒဝါ/လယ်ဇ/ဒီဒူး/ဆိတ်ချေး/သံသေ/ ချေး /ကသစ် သစ်/ခွဲသား စုစုပေါင်း (၁၁၄)လုံး/ချောင်း (၂၈.၅၉၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, April 29, 2020 - 13:30