မိုးညှင်းမြို့နယ် အတွင်းအရားမဝင်သစ်များဖမ်းဆီးရမိ

၂၈-၄-၂၀၂၀ ရက်နေ့တွင် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာန မှတောအုပ် ဦးသော်ဇင်ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့်မိုးညှင်းမြို့မစခန်းရဲတပ်ဖွဲ့ဝင်များ၊ ဟဲလုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈:၃၀)နာရီအချိန်ခန့်တွင် ဟဲလုံ-တဲကြီးကုန်း သွားလမ်းဘေး ဝါးရုံတောအတွင်းမှ တရားမဝင် ကျွန်းသစ်(၂၉)လုံးနှင့် ၃ပေအောက်ကျွန်းသစ်(၂၇)လုံး စုစုပေါင်း ကျွန်းသစ်(၅.၉၉၈)တန် ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

date: 
Monday, May 4, 2020 - 10:15