ပင်လောင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၈-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ကင်းသာ-ပင်လောင်းသွားကားလမ်းမိုင်တိုင်အမှတ်(၁၆/၇) ဧဒင်ကျေးရွာအနီးမှ မော်တော်ယာဉ် အမှတ်-YGN 3E-7360 AD Van Nissan (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် စကားဝါခွဲသား (၁၂)ချောင်း (၀.၂၅၅၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိ ပါသည်။

date: 
Monday, May 4, 2020 - 13:00