ပင်လောင်းမြို့နယ်အတွင်း မော်တော်ယာဉ် (၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ကလောမြို့နယ်၊ သစ်တောဦးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည်(၃၀-၄-၂၀၂၀)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ပင်လောင်းမြို့နယ် တောင်ကျရွာအတွင်းရှိ နေအိမ်ခြံဝန်းအတွင်းရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (2B/3919) Hino (၆)ဘီးယာဉ်အား ရှာဖွေစစ်ဆေးရာ တရားမဝင်ကညင်ခွဲသား (၇၁) ချောင်း (၇.၆၀၄၂) တန်အား တရားခံ(၁)ဦီးနှင့်အတူ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသစ်များအား လွှဲကြီးဘိနယ်စခန်းသို့ သယ်ယူသိမ်းဆည်းထားရှိပြီး
တရားခံအား ဥပဒေနှင့်အညီးအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ဆက်လက်၍ နေ့လည်(၁၄:၀၀)အချိန်တွင် ပေါင်းလောင်းမြို့၊ တလိုင်းမရွာအတွင်း လူမနေသော ခြံဝန်းအတွင်း စုပုံထားရှိသော တရားမဝင်ကညင်ခွဲသား (၃၅၇)ချောင်း (၃.၄၆၉၈)တန်အား ပိုင်ရှင်မတွေ့ရှိပဲ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသစ်များအား လိန်းလီဘိနယ်စခန်းသို့ သယ်ဆောင်ပြီးပိုင်ရှင်အားဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ပင်လောင်းမြို့နယ်၊ သပြေကုန်းရွာအ ရှေ့ဘက် ပေါင်းလောင်းချောင်း ကမ်းစပ်နေရာ၌ တရားမဝင်ကညင်ခွဲသား (၁၈၄) ချောင်း (၂.၈၀၇၄) တန်အား ပိုင်ရှင် မတွေ့ရှိပဲ ဖမ်းဆီးရမိပြီးဖမ်းဆီးရမိသစ်များအား လိန်းလီဘိနယ်စခန်းသို့ သယ်ဆောင်ပြီးဖြစ်ပြီး ပိုင်ရှင်အား ဖော်ထုတ် အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 4, 2020 - 13:00