တောင်ကုတ်မြို့နယ်တွင်တရားမဝင်သစ်များဖမ်းဆီးရမိ

(၂.၅. ၂၀၂၀)ရက်နေ့(၁၆:၃၀) နာရီအချိန်ခန့် တွင် တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးမျိုးဆွေသိန်း ဦးဆောင်သောသစ်တောဝန်ထမ်း(၆)ဦးအဖွဲ့သည် မြို့မဘိနယ်မြေ အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းအနီး မှ (စလူကျေးရွာအောက်ဖက်) နေရာတွင် တရားမဝင်ကညင်ခွဲသား ၃၃ ချောင်း ( ၅.၆၄၇၀) တန်နှင့် ကားလမ်းအနီး အခြားတနေရာမှတရားမဝင်ကညင်ခွဲသား ၃၅ချောင်း ( ၅. ၂၆၁၂) တန်၊ စုစုပေါင်း ကညင်ခွဲသား (၆၈)ချောင်း ( ၁၀.၉၀၈၂) တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ရာဖမ်းဆီးရမိသစ်ခွဲသားများအားတောင်ကုတ်မြို့ နယ်သစ်တောရုံးဝင်းသို့ သယ်ယူရန် စီစဥ် ဆောင်ရွက်လျက်ရှိပြီး၊ သစ်ပိုင်ရှင်အား သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တို့နှင့်အတူစုံစမ်းရှာဖွေဖော်ထုတ် ၍ သစ်တောဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

date: 
Monday, May 4, 2020 - 13:30