ပျဉ်းမနားမြို့နယ်၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းဧရိယာအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သစ်တောဦးစီးဌာမှ ဦးစီးအရာရှိနှင့် တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းဧရိယာအတွင်း တရားမဝင်သင်္ဂဒူ/ကညင်ခွဲသား (၆၇)ချောင်း (၁၀.၁၀၀၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 7, 2020 - 10:45