လောင်းလုံမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၅-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကမ်းခြေစောင့် တိုက်ရေယာဉ်(၄၂၂)စစ်ရေယာဉ်မှူး ဗိုလ်မှူး ဖြိုးသူရကျော် ဦးစီးသောတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောင်းလုံမြို့နယ်၊ ကျောက်တွင်းကျေးရွာအနီး ကျောက်တွင်းအော်နေရာမှ တရားမဝင် ပိတောက်ခွဲသား (၂၄)ချောင်း (၆.၅၅၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 7, 2020 - 12:00