သာပေါင်းမြို့နယ်၊ငကြွက်ကုန်း ကျေးရွာအနီး ညောင်ပင်သာချောင်းအတွင်း မှ တရားမဝင်သစ်တင်ဆောင်ထားသည့်စက်လှေ(၁)စီးဖမ်းဆီးရမိ

၄-၅-၂၀၂ဝ ရက်နေ့၌ သစ်တောဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော၀န်ထမ်းများနှင့် ကျွန်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောဆေးထူး၊ငကြွက်ကုန်း ကျေးရွာ ရာအိမ်မှူး ဦးသန်းမြင့်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ငကြွက် ကုန်း ကျေးရွာအနီး၊ ညောင်ပင်သာချောင်း အတွင်းမှ တရားမဝင်သစ် တင်ဆောင်ထားသော စက်လှေတစ်စီးဖမ်းဆီးရမိခဲ့ပါသည်။
စက်လှေပေါ်မှ အခြားခွဲသား (၈၄၉)ချောင်း (၉.၀၁၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 7, 2020 - 12:00