ပုသိမ်မြို့နယ်၊ ရှောပြာဘိနယ်၊ အိုးဘိုချောင်းဝ၊ ငကြွက်ချောင်းဘေးကမ်းနား၊ ထိန်တောကွင်းချောင်းအတွင်း၊ မောင်းဘိချောင်းဘေးနှင့် အိုဘိုကုန်းချောင်းရိုးဘေးတို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၄-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ဦးဆောင်သော အဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ငကြွက်ကုန်းကျေးရွာ ရာအိမ်မှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ရှောပြာဘိနယ်၊ အိုးဘိုချောင်းဝ၊ ငကြွက်ချောင်းဘေးကမ်းနား၊ ထိန်တောကွင်းချောင်းအတွင်း၊ မောင်းဘိချောင်းဘေးနှင့် အိုဘိုကုန်းချောင်းရိုးဘေးတို့၌ တရားမဝင် အခြားသစ်လုံး/ခွဲသား/ လုံးပတ်(၃)အောက်သစ် စုစုပေါင်း (၁၄၈)လုံး/ချောင်း (၂၁.၃၅၁၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:15