မင်းကင်းမြို့နယ်၊ ယားရွာဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်း တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၄-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ယားရွာဆိပ်ကမ်း၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်ခွဲသား (၄၁၉)ချောင်း (၇.၀၂၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:15