ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းဘိနယ်၊ ပျဉ်ပြားကျေးရွာ၏ မြောက်ဘက်(၂)ဖာလုံခန့်အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြိုနယ်နှင့် အောင်မြေသာစံမြို့နယ် သစ်တောဦးစီးဌာနတို့မှ သစ်တောဝန်ထမ်းများ၊ ပျဉ်ပြားကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းဘိနယ်၊ ပျဉ်ပြားကျေးရွာ၏ မြောက်ဘက်(၂)ဖာလုံခန့် အကွာမှ တရားမဝင် စကားဝါ/သစ်ယားခွဲသား စုစုပေါင်း(၄၉၂)ချောင်း (၅.၇၃၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:15