လက်ပံတန်းမြို့နယ်၊ မုက္ခာကြိုးဝိုင်း အကွက်(၂၄)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၄-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်၍ လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများ နှင့် သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မုက္ခာကြိုးဝိုင်း အကွက် (၂၄)အတွင်း တရားမဝင် ကျွန်း၊ ပျဉ်းကတိုး၊ အခြားသစ်မျိုးစုံ လုံးပတ်(၃)ပေအောက် သစ်/ခွဲခြမ်း (၃၃)လုံး/ချောင်း (၉.၇၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:30