ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ကျေးရွာမှ ဇီးဖြူပင်ကျေးရွာသွားကားလမ်းပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၅-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ရွာကောက်နယ်မြေရဲစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ကျေးရွာမှ ဇီးဖြူပင်ကျေးရွာသွားကားလမ်းပေါ်တွင် ယာဉ်အမှတ် MDY- 3N/5082(LIFAN) ပေါ်မှ တရားမဝင် လယ်ဇ/ ရုံး/ ဖက်သန်းခွဲသား (၁၁၀)ချောင်း (၁.၃၀၀၄)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, May 11, 2020 - 10:30