ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ် အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကနီမြို့နယ်၊ ချောင်းမရဲကင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကံချောင်းအုပ်စု၊ အောင်းမိုးကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ အောင်ဇေယျာ မြို့သစ်၊ မုံရွာ- ကလေးဝကားလမ်း မိုင်တိုင်အမှတ်(၂/၃)တွင် MARK-II အဖြူရောင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၅)ချောင်း (၀.၆၀၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, May 11, 2020 - 10:30