ပုသိမ်မြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ်မပါ မှန်ထောင်အမျိုးအစား(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၄၀)ချောင်း (၈.၉၆၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်နှင့် ယာဉ်အား ရွာဟောင်းကြီးဘိနယ်သစ်တောစခန်းတွင် သိမ်းဆည်းထား ရှိပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 15, 2020 - 13:30