ကျောက်တံခါးမြို့နယ်၊ ဆည်မြောင်းဈေးတန်း (၂)ရပ်ကွက်အနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဆည်မြောင်းဈေးတန်း (၂)ရပ်ကွက်၊ မြောက်ဘက်နှင့် အရှေ့ဘက်နေရာတို့၌ တရားမဝင်ကျွန်း/ ပျဉ်းကတိုးခွဲသား (၂၂၂)ချောင်း (၁၀.၇၄၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားမဝင်သစ်များအား မြို့ချောင်းကယားဖူးသစ်တော စခန်းသို့ သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 15, 2020 - 13:30