မော်လိုက်မြို့နယ်၊ တောင်အင်-မန်နွဲ့ကျေးရွာချင်းဆက်လမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ တောင်အင်-မန်နွဲ့ကျေးရွာချင်းဆက်လမ်းတွင် မော်တော်ယာဉ်အမှတ် (1Q/9604)FORLAND (၆)ဘီး(အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(7L/4215) SKAT (၆)ဘီး(အဖြူရောင်)ယာဉ်များပေါ်မှ တရားမဝင်ကျွန်း/အင်ကြင်းခွဲသား (၁၂၂)ချောင်း (၇.၁၈၂၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, May 15, 2020 - 13:30