မင်းလှမြို့နယ်၊ မုက္ခာကြိုးဝိုင်း အကွက်အမှတ်(၃၈)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၂-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မင်းလှမြို့နယ်၊ မုက္ခာကြိုးဝိုင်း အကွက်အမှတ်(၃၈)အတွင်း တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား (၁၄၇)လုံး/ချောင်း (၆.၈၆၇၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 15, 2020 - 13:45