လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးကားလမ်း၊ စာဘူးတောင်းသစ်တောရုံးရှေ့၊ မိုင်တိုင်အမှတ်(၇/၇)နေရာ၌ မော်တော်ယာဉ်အမှတ် (BGO 3N/4935) ISUZU BOX (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၄၀)ချောင်း (၄.၀၀၂၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, May 19, 2020 - 10:00