လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၅-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်သစ်တောဝန်ထမ်း(၉)ဦးပါ မြို့နယ်စစ်ကြောင်းအဖွဲ့သည် နယ်မြေရှင်း လင်းဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ မင်းပြင်ကြိုးဝိုင်းအကွက် (၅၆၊ ၆၅၊ ၆၆)တို့မှ တရားမဝင် ကညင်/သတီ/လယ်ဇ/ရုံးခွဲသား စုစုပေါင်း (၁၃၉)ချောင်း (၁၅.၀၁၀၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 10:15