စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ်(၂၉/၁)နှင့် (၂၉/၂)ကြားမှ ယာဉ်(၁)စီး၊ တရားခံ(၂)ဦးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာသွားကားလမ်း မိုင်တိုင်အမှတ်(၂၉/၁)နှင့် (၂၉/၂)ကြားတွင် ယာဉ်အမှတ်၊ YGN-5H/9351 Lefan(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား (၂၂၁)ချောင်း (၆.၃၈၁၂)တန် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 11:30