အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ကျောက်တိုင်ကျေးရွာအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၆-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ကျောက်တိုင်ကျေးရွာတောင်ဘက်လယ်ကွင်းစပ်၊ မြောက်ဘက်လယ်ကွင်းစပ်နှင့် ဦးကျော်မြင့်၏ နေအိမ်ခြံဝန်းအတွင်းတို့မှ တရားမဝင် ကျွန်းခွဲသား (၄၇၉)ချောင်း (၉.၈၇၅၈)တန်၊ တရားခံ(၁)ဦး၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့် ကြောင်အိမ် အကြမ်းထည်(၃)လုံး (၀.၀၉၅၆)တန် စုစုပေါင်း (၉.၉၇၁၄)တန်၊ တရားခံ(၁)ဦး၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 11:30