ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်၊ (၁၁၆/၁) နှင့် (၁၁၆/၂)ကြား၊ ရွှေသံလွင် တိုးဂိတ်အနီးမှ ယာဉ်(၁)စီးနှင့်အတူ တရားမဝင်ကျွန်းတံခါးရွက်များ ဖမ်းဆီးရမိ

၁၇-၅-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းဘိနယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်၊ (၁၁၆/၁) နှင့် (၁၁၆/၂)ကြား၊ ရွှေသံလွင် တိုးဂိတ်အနီးတွင် ယာဉ်အမှတ်၊ BGO-5P/1767 ISUZU ကွန်တိန်နာ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်ဆိုဒ်စုံ (၄၁၂)ချပ် (၅.၅၃၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 19, 2020 - 11:30