မူဆယ်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၅-၂၀၂၀ ရက်နေ့တွင် ရတခလရ(၄၅)မှ ဒုမှူးကြီး ညွန့်ဝင်းလှိုင် ဦးဆောင်သော တပ်မတော်သားများအဖွဲ့၊ စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး စိုင်းထက်ပြည့်အောင်ပါ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ မန်မိုင်းကျေးရွာရှိ ဦးမာခါးဂိုဒေါင်(၂)ခုအတွင်း၌ တရားမဝင်တမလန်း/ပိတောက်/ သစ်မကျီးဓါးရွေ/ခွဲသား (၃၀)တန်ခန့်အားလည်းကောင်း၊ ဦးကျော်ဦးနေထိုင်သော ဂိုဒေါင်အတွင်းမှ တရားမဝင်တမလန်း/ပိတောက်/သစ်မန်ကျီးဓါးရွေ/ခွဲသား (၂၂)တန်ခန့်အားလည်းကောင်းဖမ်းဆီးရမိခဲ့ပြီး နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်ရာ ဒေါ်နန်းစိန်၏ နေအိမ်ခြံဝန်းအတွင်း တရားမဝင်တမလန်း/ ပိတောက်/သစ်မကျီးဓါးရွေ/ခွဲသား (၁၆)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များအား တပ်မတော်၏ လုံခြုံရေးကူညီမှုဖြင့် မူဆယ်မြို့နယ်၊ ဦးစီးအရာရှိရုံးဝင်းအတွင်းသို့သယ်ယူသိမ်းဆည်းသွားမည်ဖြစ်ပြီး ခြံဝန်းပိုင်ရှင်နှင့် သစ်ပိုင်ရှင်တို့အား သစ်တောဥပဒေပုဒ်မ၊ ၄၂(က)ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 22, 2020 - 10:15