သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၅-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင် သောသစ်တောဝန်ထမ်းများ၊ စရဖ မှ တပ်ဖွဲ့ဝင်များ၊ ခမရ (၅၈၉)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သံတောင်ကြီး မြို့နယ်၊ သပြေညွန့်ကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ပျဉ်ကတိုး/အခြားသားသစ်လုံး/ လုံးပတ် (၃)ပေအောက်သစ် တန်(၄၀)ခန့် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 25, 2020 - 11:30