သင်္ဃန်းကျွန်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၀-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်မှုအောက်ရှိ မြောက်ဥက္ကလာပ မြို့နယ်၊ (ဆ)ရပ်ကွက်၊ မေဓါဝီလမ်းမ၊ ဆေးရုံရှေ့အနီး မော်တော်ယာဉ်အမှတ် (YGN 5E-8708) Canter အဖြူရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(သင့်) (၁၀၂)ချောင်း (၃.၅၉၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 25, 2020 - 11:45