သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း(မြောက်)ဘိနယ်၊ မန္တလေး-မိုးကုတ်ကားမိုင်တိုင်အမှတ် (၇၁/၅)နှင့် (၇၁/၆) အကြားတွင် တရားမဝင် သစ်များ ဖမ်းဆီးရမိ

၂၂-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဇရပ်ကွင်းကျေးရွာ အမှတ်(၃)ရပ်ကွက်မှ ရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း(မြောက်)ဘိနယ်၊ မန္တလေး-မိုးကုတ်ကားမိုင်တိုင်အမှတ် (၇၁/၅)နှင့် (၇၁/၆)အကြားတွင် မော်တော်ယာဉ်အမှတ် (SGG 9F-6638) Nissan Light Truck ခဲရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားတံခါးရွက်(၉၀)ချပ် (၀.၇၉၆၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 25, 2020 - 12:45