ညောင်တုန်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမိုင်တိုင်အမှတ် (၂၃/၂)နှင့် (၂၃/၃)အကြား KYAW SAN ဆီဆိုင်အနီး၊ ချောင်းကြီးကျေးရွာ၊ မဲဇလီကျေးရွာအုပ်စု မော်တော်ယာဉ်အမှတ် (5B/2505) Nissan စိမ်း/ပြာရောင် (၁၀)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကညင်သစ်ခွဲသား (၆၇၅)ချောင်း (၁၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, June 3, 2020 - 10:00