လွိုင်လင်မြို့နယ်၊ (၄)မိုင်ကျေးရွာအနီး၊ တောင်ကြီး-ကျိုင်းတုံသွားကားလမ်းတွင် မော်တော်ယာဉ်(၁၃)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆၆)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးဟန်စောထွန်း ပါတပ်မတော်သားများ၊ ခိုလမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ (၄)မိုင်ကျေးရွာအနီး၊ တောင်ကြီး-ကျိုင်းတုံသွားကားလမ်း အရှေ့ဘက်တောအတွင်း မော်တော်ယာဉ်(၁၃)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၅)တန်ခန့်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသစ် များ တိုင်းတာစစ်ဆေး ခြင်း များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 3, 2020 - 10:00