ရေကြည်မြို့နယ်၊ ကွန်းချောင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၆-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပုသိမ်ခရိုင်၊ ဂွမြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်(၃)မြို့နယ်ဆုံရာ၊ ရေကြည်မြို့နယ်၊ ကွန်းချောင်းကြိုးဝိုင်းအကွက်အမှတ်(၂၈)အနီးနေရာ၌ တရားမဝင်တောင်သရက်ခွဲသား (၅၁)လုံး (၉)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, June 5, 2020 - 10:00