ပေါက်ခေါင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၏ အရှေ့တောင်ဘက်(၁)ဖာလုံခန့်အကွာလယ်စပ်အနီး၊ တောင်ပျောက်ကျေးရွာသုံး ရေကန်၏ အနောက်ဘက်(၂)ဖာလုံခန့်အကွာနေရာနှင့် အရှေ့မကွေကျေးရွာ၏ အနောက်မြောက်ဘက်(၄)ဖာလုံခန့် အကွာ နေရာတို့၌ တရားမဝင်ကျွန်းသစ်/ခြမ်း (၇၃)လုံး/ခြမ်း (၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, June 5, 2020 - 10:15