ကလောမြို့နယ် (ပူးတွဲ)ပင်လောင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်( တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်(၁၈၆) အတွင်း တရားမဝင် ကညင်/ သင်္ဂဒူ သစ်/ခွဲသား (၄၂)လုံး/ ချောင်း (၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 9, 2020 - 13:15