မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၆-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတနမရ(၃၈၇)တပ်မှ ဗိုလ်အောင်မျိုးကျော်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ်၊ 12KM နှင့် 13KM ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(6J/3592) VOXY (ခဲရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(5E/3517) (Super Custom)(အဖြူရောင်)များပေါ်မှ တရားမဝင်ကျွန်း/ပိတောက်/တမလန်းခွဲသား (၁၃၂)ချောင်း (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ရဲစခန်းသို့ ခေါ်ဆောင်စဉ် ထွက်ပြေးသွားခဲ့သဖြင့် တရားခံဖြစ်သူ ဦးဆိုင်းလော့ဒ်(ဘ) ဦးတန်ဂွန်း မှတ်ပုံတင်မရှိ၊ ခါနန်ရပ်ကွက်၊ မိုးမောက်မြို့အား ရဲစခန်းမှ စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

date: 
Friday, June 12, 2020 - 13:30