ကသာမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ရွှေလီမြစ်အတွင်းနှင့်မြစ်ကမ်းနေရာတို့မှ တရားမဝင် ကျွန်းသစ်/လုံးပတ်၃ပေအောက် ကျွန်းသစ်(၁၃၇)လုံး (၂၃)တန်အား ဖမ်းဆီးစဉ် သစ်ဖောင်များကိုစွန့်၍ ဖောင်သမားများကမ်းပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖောင်နှင့်အတူ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိဘဲ ဖမ်ဆီးရမိခြင်းဖြစ်ပါကြောင်းနှင့်ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, June 16, 2020 - 11:00