လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၅)အနီး နေရာ၌ မသင်္ကာဖွယ် လူမရှိဘဲရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(MDY 9H/6574) (TOYOTA Alphard) (အဖြူရောင်) ယာဉ်အား စစ်ဆေးရာ တရားမဝင်ပိတောက်ဓါးရွေ(၂၉)ချောင်း (၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 22, 2020 - 10:30